← စာရင်းသို့ ပြန်သွားရန်၁ / ၁၁
အပြစ်လွတ်ငြိမ်းခွင့်တောင်းခြင်း (အစ်သ်ဂ်ဖာရ်) (၃ ကြိမ်) နှင့် အစ်-ဆလာမ် ဒုအာ၊
«اَسۡتَغۡفِرُ اللّٰهَ، اَسۡتَغۡفِرُ اللّٰهَ، اَسۡتَغۡفِرُ اللّٰهَ، اَللّٰهُمَّ اَنۡتَ السَّلَامُ وَمِنۡكَ السَّلَامُ تَبَارَكۡتَ يَا ذَا الۡجَلَالِ وَالۡاِكۡرَامِ»
“အလ္လာဟ်အရှင်မြတ်ထံ အပြစ်လွတ်ငြိမ်းခွင့် တောင်းခံပါ၏ (၃ ကြိမ်)။ အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ငြိမ်းချမ်းခြင်း (အစ်-ဆလာမ်) ဖြစ်တော်မူ၏၊ ငြိမ်းချမ်းခြင်းသည်လည်း အရှင်မြတ်ထံမှသာ ဖြစ်ပေါ်လာ၏။ ဂုဏ်တော်ကြီးမြတ်ခြင်းနှင့် ရိုသေထိုက်ခြင်းကို ပိုင်တော်မူသော အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကောင်းချီးမင်္ဂလာ ပြည့်စုံတော်မူ၏။”
(ဆဟီးဟ် မုစ်လင်၊ ဟဒီးဆ် ၅၉၁၊ စုနန် အဗီ ဒါဝူဒ်၊ ဟဒီးဆ် ၁၅၁၃ နှင့် ဂျာမိအ် အသ်-သိရ်မိဇီ၊ ဟဒီးဆ် ၃၀၀)။