C85 · ဆဟီးဟ် မုစ်လင် — ခရီးသွားသူ၏ နမာဇ် အခန်း၊ ဟဒီးဆ် ၇၄၉ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်)
صَلاَةُ اللَّيْلِ مَثْنَى مَثْنَى فَإِذَا خَشِيَ أَحَدُكُمُ الصُّبْحَ صَلَّى رَكْعَةً وَاحِدَةً تُوتِرُ لَهُ مَا قَدْ صَلَّى
အစ်ဗ်နု ဥမရ် (ရ.ဒ) က လူတစ်ဦးသည် တမန်တော်မြတ် ﷺ ထံ ညဥ့်နမာဇ်အကြောင်း မေးမြန်းခဲ့ကြောင်း ဆင့်ဆိုထားသည်။ တမန်တော်မြတ် ﷺ က “ညဥ့်နမာဇ်သည် ၂ ရကအသ်စီ ဖြစ်ရမည်၊ သို့သော် သင်တို့အနက် တစ်ဦးဦးသည် အရုဏ်တက်မည်ကို စိုးရိမ်လျှင် ၁ ရကအသ် ဖတ်ပါစေ၊ ထိုသည်က ၎င်း၏ နမာဇ်ကို မဂဏန်း ဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊