C73 · စုနန် အဗီ ဒါဝူဒ် — သန့်စင်ခြင်း (ကိတာဗုတ်-ဋဟာရဟ်) အခန်း၊ ဟဒီးဆ် ၃၄၅ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်၊ အလ်-အလ်ဗာနီ)
حَدَّثَنِي أَوْسُ بْنُ أَوْسٍ الثَّقَفِيُّ، سَمِعْتُ رَسُولَ اللَّهِ صلى الله عليه وسلم يَقُولُ " مَنْ غَسَّلَ يَوْمَ الْجُمُعَةِ وَاغْتَسَلَ ثُمَّ بَكَّرَ وَابْتَكَرَ وَمَشَى وَلَمْ يَرْكَبْ وَدَنَا مِنَ الإِمَامِ فَاسْتَمَعَ وَلَمْ يَلْغُ كَانَ لَهُ بِكُلِّ خُطْوَةٍ عَمَلُ سَنَةٍ أَجْرُ صِيَامِهَا وَقِيَامِهَا "
အော့စ် ဗင်န် အော့စ် အသ်-သကဖီ (ရ.ဒ) မှ ဆင့်ဆိုထားသည်၊ တမန်တော်မြတ် ﷺ မိန့်တော်မူသည်ကို ကျွန်ုပ် ကြားခဲ့ရသည်- မည်သူမဆို သောကြာနေ့တွင် (မိမိ၏ ဇနီးအား) ရေချိုးစေ၍ မိမိကိုယ်တိုင်လည်း ရေချိုးပြီး (ဂျုမ်မာ နမာဇ်အတွက်) စောစီးစွာ ထွက်ခွာကာ ခုတ်ဘာကို အစမှစ၍ တက်ရောက်ပြီး စီးနင်းခြင်း မပြုဘဲ လမ်းလျှောက်၍ သွားကာ အီမာမ်အနီးတွင် နေရာယူ ထိုင်၍ အာရုံစိုက် နားထောင်ပြီး အချည်းနှီးသော စကားများ မပြောဆိုပါက ထိုသူသည် မိမိလှမ်းသော ခြေလှမ်းတိုင်းအတွက် ၁ နှစ်တာ ရိုဇာ (အစာရှောင်ခြင်း) ဆောက်တည်ခြင်းနှင့် ညဘက် နမာဇ်ဖတ်ခြင်း၏ အကျိုးဆုကို ရရှိမည် ဖြစ်သည်။
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊