C70 · ဆဟီးဟ် မုစ်လင် — ဂျုမ်မာ နမာဇ် အခန်း၊ ဟဒီးဆ် ၈၅၁ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်)
أَنَّ أَبَا هُرَيْرَةَ، أَخْبَرَهُ أَنَّ رَسُولَ اللَّهِ صلى الله عليه وسلم قَالَ " إِذَا قُلْتَ لِصَاحِبِكَ أَنْصِتْ . يَوْمَ الْجُمُعَةِ وَالإِمَامُ يَخْطُبُ فَقَدْ لَغَوْتَ "
အဗူ ဟုရိုင်ရာ (ရ.ဒ) က တမန်တော်မြတ် ﷺ မိန့်တော်မူသည်ဟု ဆင့်ဆိုထားသည်မှာ- သောကြာနေ့တွင် အီမာမ် ခုတ်ဘာ ဟောကြားနေစဉ် သင်သည် သင့်အဖော်အား တိတ်ဆိတ်နေရန် (ပင်) ပြောမိပါက သင်သည် အမှန်တကယ်ပင် အချည်းနှီးသော စကားကို ပြောမိပြီ ဖြစ်သည်။
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊