C67 · ဆဟီးဟ် မုစ်လင် — ဂျုမ်မာ နမာဇ် အခန်း၊ ဟဒီးဆ် ၈၅၂ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်)
عَنْ أَبِي هُرَيْرَةَ، أَنَّ رَسُولَ اللَّهِ صلى الله عليه وسلم ذَكَرَ يَوْمَ الْجُمُعَةِ فَقَالَ " فِيهِ سَاعَةٌ لاَ يُوَافِقُهَا عَبْدٌ مُسْلِمٌ وَهُوَ يُصَلِّي يَسْأَلُ اللَّهَ شَيْئًا إِلاَّ أَعْطَاهُ إِيَّاهُ " . زَادَ قُتَيْبَةُ فِي رِوَايَتِهِ وَأَشَارَ بِيَدِهِ يُقَلِّلُهَا
အဗူ ဟုရိုင်ရာ (ရ.ဒ) က တမန်တော်မြတ် ﷺ မိန့်တော်မူသည်ဟု ဆင့်ဆိုထားသည်မှာ- သောကြာနေ့တွင် အချိန်တစ်ခု ရှိ၏။ ထိုအချိန်တွင် မွတ်စလင် အစေခံ မည်သူမဆို နမာဇ်ဖတ်၍ အလ္လာဟ်အရှင်မြတ်ထံ (ကောင်းမြတ်သော) အရာတစ်ခုခုကို တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ၎င်းကို မုချ ပေးသနားတော်မူ၏။ ကုတိုင်ဗဟ် က ထို(အချိန်)သည် တိုတောင်းကြောင်းကို လက်ဖြင့် ညွှန်ပြခဲ့သည်။
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊