C41 · ဆဟီးဟ် ဗုခါရီ — တမန်တော်မြတ် ﷺ ၏ ဆဟာဗီများ အခန်း၊ ဟဒီးဆ် ၃၇၀၅ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်)
حَدَّثَنَا عَلِيٌّ، أَنَّ فَاطِمَةَ، عَلَيْهَا السَّلاَمُ شَكَتْ مَا تَلْقَى مِنْ أَثَرِ الرَّحَا، فَأَتَى النَّبِيَّ صلى الله عليه وسلم سَبْىٌ، فَانْطَلَقَتْ فَلَمْ تَجِدْهُ، فَوَجَدَتْ عَائِشَةَ، فَأَخْبَرَتْهَا، فَلَمَّا جَاءَ النَّبِيُّ صلى الله عليه وسلم أَخْبَرَتْهُ عَائِشَةُ بِمَجِيءِ فَاطِمَةَ، فَجَاءَ النَّبِيُّ صلى الله عليه وسلم إِلَيْنَا، وَقَدْ أَخَذْنَا مَضَاجِعَنَا، فَذَهَبْتُ لأَقُومَ فَقَالَ " عَلَى مَكَانِكُمَا ". فَقَعَدَ بَيْنَنَا حَتَّى وَجَدْتُ بَرْدَ قَدَمَيْهِ عَلَى صَدْرِي وَقَالَ " أَلاَ أُعَلِّمُكُمَا خَيْرًا مِمَّا سَأَلْتُمَانِي إِذَا أَخَذْتُمَا مَضَاجِعَكُمَا تُكَبِّرَا أَرْبَعًا وَثَلاَثِينَ، وَتُسَبِّحَا ثَلاَثًا وَثَلاَثِينَ، وَتَحْمَدَا ثَلاَثَةً وَثَلاَثِينَ، فَهْوَ خَيْرٌ لَكُمَا مِنْ خَادِمٍ "
အလီ (ရ.ဒ) မှ ဆင့်ဆိုထားသည်၊ ဖာတိမဟ် (ရ.ဒ) သည် လက်ကြိတ်ကျောက်ဆုံကြောင့် ခံစားရသော ဒုက္ခကို ညည်းတွားခဲ့သည်။ တမန်တော်မြတ် ﷺ ထံသို့ သုံ့ပန်းအချို့ ခေါ်ဆောင်လာကြသောအခါ ဖာတိမဟ်သည် အထံတော်သို့ လာရောက်ခဲ့သော်လည်း အိမ်တွင် မတွေ့ရချေ။ ထိုနေရာတွင် အာအီရှဟ် (ရ.ဒ) ရှိနေသဖြင့် ဖာတိမဟ်သည် (အစေခံတစ်ဦး လိုချင်ကြောင်း) သူမအား ပြောပြခဲ့သည်။ တမန်တော်မြတ် ﷺ ကြွလာတော်မူသောအခါ အာအီရှဟ်က ဖာတိမဟ် လာရောက်ခဲ့ကြောင်း လျှောက်ထားခဲ့သည်။ အလီက ဆက်လက်ပြောဆိုသည်မှာ၊ “ထို့နောက် တမန်တော်မြတ် ﷺ သည် ကျွန်ုပ်တို့ထံ ကြွလာတော်မူ၏။ ထိုအချိန်တွင် ကျွန်ုပ်တို့ အိပ်ရာဝင်ပြီး ဖြစ်နေကြသည်။ ကျွန်ုပ် ထရန် ပြုသော်လည်း တမန်တော်မြတ် ﷺ က ‘သင်တို့ နေရာတွင်ပင် နေကြလော့’ ဟု မိန့်တော်မူ၏။ ထို့နောက် ကျွန်ုပ်တို့ နှစ်ဦးကြားတွင် ထိုင်တော်မူရာ ကျွန်ုပ်၏ ရင်ဘတ်ပေါ်တွင် ခြေတော်များ၏ အေးမြမှုကို ကျွန်ုပ် ခံစားရသည်အထိ ဖြစ်၏။ ထို့နောက် ‘သင်တို့ ငါ့ထံ တောင်းခံသည်ထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို ငါ သင်ပြပေးရမည်လော။ သင်တို့ အိပ်ရာဝင်သောအခါ ‘အလ္လာဟုအက်ဗရ်’ ကို ၃၄ ကြိမ်၊ ‘ဆုဗ်ဟာနလ္လာဟ်’ ကို ၃၃ ကြိမ်နှင့် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ကို ၃၃ ကြိမ် ရွတ်ဆိုကြလော့။ အကြောင်းမူကား ထိုအရာသည် သင်တို့ နှစ်ဦးအတွက် အစေခံတစ်ဦးထက် ပိုမိုကောင်းမွန်၏’ ဟု မိန့်တော်မူ၏။”
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊