C21 · ဂျာမိအ် အသ်-သိရ်မိဇီ — ဂျန္နသ်ကို ဖော်ပြခြင်း အခန်းများ၊ ဟဒီးဆ် ၂၅၇၂ (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်၊ ဒါရုစ်ဆလာမ်)
عَنْ أَنَسِ بْنِ مَالِكٍ، قَالَ قَالَ رَسُولُ اللَّهِ صلى الله عليه وسلم " مَنْ سَأَلَ اللَّهَ الْجَنَّةَ ثَلاَثَ مَرَّاتٍ قَالَتِ الْجَنَّةُ اللَّهُمَّ أَدْخِلْهُ الْجَنَّةَ . وَمَنِ اسْتَجَارَ مِنَ النَّارِ ثَلاَثَ مَرَّاتٍ قَالَتِ النَّارُ اللَّهُمَّ أَجِرْهُ مِنَ النَّارِ "
အနတ်စ် ဗင်န် မာလိက် (ရ.ဒ) မှ ဆင့်ဆိုထားသည်မှာ တမန်တော်မြတ် ﷺ က ဤသို့ မိန့်တော်မူခဲ့သည်၊ “မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံ ဂျန္နသ် (သုခဘုံ) ကို ၃ ကြိမ် တောင်းခံလျှင် ဂျန္နသ်က ‘အို အလ္လာဟ်အရှင်မြတ်၊ ထိုသူကို ဂျန္နသ်အတွင်းသို့ ဝင်ရောက်စေတော်မူပါ’ ဟု ဆိုလေသည်။ မည်သူမဆို ငရဲမီးမှ ၃ ကြိမ် ခိုလှုံကာကွယ်မှု တောင်းခံလျှင် ငရဲမီးက ‘အို အလ္လာဟ်အရှင်မြတ်၊ ထိုသူကို ငရဲမီးမှ ကယ်တင်တော်မူပါ’ ဟု ဆိုလေသည်။”
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊