C16 · စုနန် အန်-နစာအီ အလ်-ကုဗ်ရာ၊ ဟဒီးဆ် ၉၉၂၈ နှင့် အစ်ဗ်နု ဟစ်ဗာန်၊ ကိတာဗုစ်-ဆလာဟ် (အဆင့်၊ ဆဟီးဟ် — စစ်မှန်သည်၊ အလ်-အလ်ဗာနီ၊ အစ်-စိလ်စိလဟ် အစ်-ဆဟီဟဟ် ၉၇၂)
عَنْ أَبِي أُمَامَةَ، قَالَ: قَالَ رَسُولُ اللَّهِ صلى الله عليه وسلم: «مَنْ قَرَأَ آيَةَ الْكُرْسِيِّ دُبُرَ كُلِّ صَلاَةٍ مَكْتُوبَةٍ لَمْ يَمْنَعْهُ مِنْ دُخُولِ الْجَنَّةِ إِلاَّ أَنْ يَمُوتَ»
အဗူ ဥမာမဟ် အလ်-ဗာဟိလီ (ရ.ဒ) မှ တမန်တော်မြတ် ﷺ ဤသို့ မိန့်တော်မူကြောင်း ဆင့်ဆိုထားသည်၊ မည်သူမဆို ဖရ်ဇ် နမာဇ်တိုင်းအပြီးတွင် အာယတုလ် ကုရ်စီကို ရွတ်ဖတ်လျှင် ၎င်းအား ဂျန္နသ် (သုခဘုံ) သို့ ဝင်ရောက်ခြင်းမှ သေခြင်းမှလွဲ၍ မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။ [အာရဗီ မူရင်းမှ ဘာသာပြန်ထားသည်။]
ပြုစုသူက အာရဗီမှ ဘာသာပြန်ထားသည်။
အတည်ပြုစစ်ဆေးချက် ဇယားတွင် ကြည့်ရန်၊